Support
Support တွေကို downtrend မှာ တွေ့ရမယ်။ support ဆိုတာ တန်းနစ်ဘောလုံးတစ်လုံးကို ကြမ်းပြင်ပေါ်မှာ ပေါက်လိုက်တဲ့အခါ ဘောလုံးက ကြမ်းပြင်နဲ့ထိပြီးပြန်ကန်တက်သွားတယ်၊ အဲ့ ကြမ်းပြင်ကို support လို့သတ်မှတ်နိုင်တယ်ဗျ....... အားအရမ်းပြင်းလို့ ကြမ်းပြင်ကနေကျွံသွားတဲ့အခါ အောက်ထပ်ကကြမ်းပြင်ကို ထိပြီး ပြန်တက်ချင်တက်မယ်၊ အောက်ထပ်ကြမ်းပြင်ကိုလဲဖောက်ထွက်သွားနိုင်တယ်၊ support က အဲ့သဘောတရားပဲဗျ..... ဖောက်ပြီးမဆင်းမချင်းပြန်ကန်တက်နေမှာပဲ။ ခဏခဏ ထိပြီးပြန်တက်တယ်ဆို အဲ့ support က strong ဖြစ်တယ်ပေါ့ဗျာ။ support တွေကိုဘယ်လိုသတ်မှတ်မလဲဆိုတော့ previous low- အရှေ့မှာဖြစ်ခဲ့တဲ့ အနိမ့်ဆုံးဈေး၊ historical low- သမိုင်းအရအနိမ့်ဆုံးဈေး၊ whole numbers- ကိန်းပြည့် အစရှိသည်တို့ကို support အဖြစ်ဆွဲနိုင်တယ်။
*****************************************************************
Resistance
Resistance တွေကို uptrend မှာတွေ့ရပြီး စောစောက ကျွန်တော် ပြောခဲ့သလို တန်းနစ်ဘောလုံးကို ကြမ်းပြင်ပေါ်ပေါက်လိုက်တယ်ဗျာ.... ကြမ်းပြင်ကိုထိပြီး ပြန်တက်မယ်...တက်တယ်ဆိုတဲ့နေရာမှာ အပေါ်မှာအတားအဆီး (ဥပမာ မျက်နှာကြပ်) ကိုထိပြီးပြန်ကျလာမယ်ပေါ့ဗျာ..... အဲ့မျက်နှာကြပ်က resistance ပဲ၊ အားကောင်းလို့ မျက်နှာကြပ်ကိုဖောက်ပြီးဆက်တက်သွားမယ်ဆို အပေါ်ကခေါင်မိုးကိုထိပြီးကျချင်ကျမယ်၊ ဖောက်ပြီးဆက်တက်ချင်တက်မယ်။ ခဏခဏ ထိပြီးပြန်ကျတယ်ဆို အဲ့ resistance က strong resistance ပေါ့ဗျာ။ သူကလဲ support လိုပဲ previous high- အရှေ့မှာဖြစ်ခဲ့တဲ့ အမြင့်ဆုံးဈေး၊ historical high- သမိုင်းအရအမြင့်ဆုံးဈေး၊ whole numbers- ကိန်းပြည့် အစရှိသည်တို့ကို resistance အဖြစ်ဆွဲနိုင်တယ်ခင်ဗျ။
နောက်တစ်ခုပြောချင်တာက တန်းနစ်ဘောလုံးက ကြမ်းပြင်ကိုဖောက်ထွက်သွားလို့ အောက်ထပ်ကကြမ်းပြင်ကိုထိပြီးပြန်တက်လာတဲ့အခါ အဲ့ဖောက်ထွက်သွားတဲ့ ကြမ်းပြင်ကိုထိပြီးပြန်ကျနိုင်တဲ့အတွက် support(ကြမ်းပြင်)ကနေ resistance(ခေါင်မိုး) ပြန်ဖြစ်တတ်သလို ပြန်အတက်မှာ မျက်နှာကြပ်ကိုဖောက်ပြီး ခေါင်မိုးကိုထိပြီးပြန်ကျတဲ့အခါ အဲ့မျက်နှာကြပ်ကိုထိပြီပြန်တက်နိုင်တဲ့အတွက် အဲ့ဖောက်ထွက်သွားတဲ့ resistance(မျက်နှာကြပ်)ကနေ support(ကြမ်းပြင်) သဘောမျိုးပြန်ဖြစ်တတ်ပါတယ်။ ကျွန်တော်ပြောတာရှုပ်သွားတယ်ထင်တယ်ဗျ...... အောက်ကပုံလေးတွေကိုတစ်ချက်ကြည့်လိုက်ရင်ရှင်းသွားမှာပါ.....
http://www.zaw-fx.com/ မှပြန်လည်ကူးယူမျှဝေပါသည်။