Aug 24, 2015

Three Candle Trading Strategy

Beginner များအတွက် အကျိုးရှိစေမယ့် Trading Strategy တစ်ခုနဲ့မိတ်ဆက်ပေးပါရစေ။ Strategy ဆိုပေမယ့် Very Simple, Very Useful ပါ။
အများအားဖြင့် Simple is Safe ပါ။ ခုမှစမယ့်သူတွေအတွက် နံပါတ်တစ် အရေးကြီးတာက Charts/ Candles နဲ့ Closed Famaliar ဖြစ်ဖို့လိုတယ်လို့ ကျွန်တော် ယူဆပါတယ်။
ဒီအတွက် ယခုတင်ပြမယ့် Three Candle Trading Strategy ကိုစောင့်ဖမ်းရင်း Charts တွေ Candles တွေကိုလည်း လေ့လာပြီသားဖြစ်မယ်လို့ ယူဆပါတယ်။
စီနီယာကြီးများအတွက်တော့ ကလေးကစားစရာလိုဖြစ်နေနိုင်ပါမယ်။ tongue emoticon
ကဲ ... ကျွန်တော်တို့စလိုက်ကြရအောင်ပါ။

(1) Target 
- တစ်ကြိမ် trade လျှင် 10pips အမြတ်
- တစ်နေ့လျှင် Trade အကြိမ် 5~10 ခန့်
- တစ်ကြိမ် Trade ကြာချိန် ၁၀မိနစ် အများဆုံး

(2) Pair
- Any Major Currency Pair
- EURUSD, USDJPY ပိုကောင်း

(3) Time Frame
- 5 min or 15min OK
- Time Frame အရှည်ယူလျှင် Profit pips တွင် တိုးယူပါ။

(4) Requirement
- 200SMA or others trend indicators
- Three Candles

(5) Steps
a) လက်ရှိ Trend ၏ လားရာက Up or Down ဆိုတာကို 200SMA ဖြင့်ကြည့်ရန်။
b) ဝင်ရမယ့် Signal ကို ဖမ်းယူရန်။
c) Entry လုပ်၍ TP နဲ့ SL သတ်မှတ်ရန်။

(6) Step by Step Using
a) ပထမ Candle ခုရှာရန်
- လက်ရှိရောက်ရှိနေသော ဈေးမှ စ၍ အနီးဆုံး Candle တစ်ခုသည် နိမ့်လွန်းနေခြင်း သို့မဟုတ် မြင့်လွန်းနေခြင်းဖြစ်ပါက ၄င်းကို ပထမ candle သို့မဟုတ် first candle ဟုတ် သတ်မှတ်သည်။
- ပထမ candle တွေ့ပါက ၄င်းနောက် (ညာဘက်) မှ Candle သည် ဒုတိယ candle သို့မဟုတ် second candle ဖြစ်ပါသည်။
ပုံတွင်ဖေါ်ပြထားပါသည်‬
b) Trend ကြည့်ရန်
- Price (candle) သည် 200SMA အောက်တွင်ရှိပါက Down Trend ဟုသတ်မှတ်ပြီ
- 200SMA အထက်တွက်ရှိနေပါက Up Trend ဟု သတ်မှတ်ပါမည်။
c) Trade လုပ်ခြင်း
- အထက်က Candle ရှာဖွေ၍ ဒုတိယ candle တွေ့ပြီနော် ထပ်ပေါ်လာမည့် တတိယ candle Third Candle အစတွင် Entry စလုပ်ပါမည်။
- လက်ရှိ Trend က Up Trend ဆို တတိယ Candle အစတွင် Buy ပြီ။ လက်ရှိ Trend က Down Trend ဆိုလျင်တော့ တတိယ Candle အစတွင် Sell ပါမည်။
d) TP & SL သတ်မှတ်ခြင်း
- TP ကို entry point မှ 10 pips သာယူပါ။
- SL ကို ဒုတိယ Canlde မှ 1 pip ခွါ၍ BUY ဆို ဒုတိယ Candle အောက်။ Sell ဆို ဒုတိယ candle အထက်တွင်ထားပါ။
(7) IMPORTANT NOTICES
- Data ချိန်မတိုင်မှီ ၁နာရီအထိသာ ယခုနည်းကို အသုံးပြုရန်။
- တတိယ candle သည် trend ကို ဆန့်ကျင်ပြီ ပေါ်လျှင် Entry မလုပ်ရန်။
- ဒုတိယ Candle သည် ပထမ candle အတွင်း ပိတ်လျှင် entry မလုပ်ရန်။
- မိမိ Deposit ပမာဏ၏ 5% အောက်ပမာဏသာ Trade လုပ်ရန်။
ဒီလောက်ပါပဲ ခင်ဗျာ။
Beginner များအတွက် အသုံးဝင်မယ်လို့ ယုံကြည်စွာမျှဝေခြင်းပါ။
ဒီပို့စ်ကို ဖုန်းနဲ့ရေးတင်ရတာဖြစ်လို့ ချွတ်ယွင်းမှုလေးများရှိနေရင် နားလည်ကြပါခင်ဗျာ။
ဒီနေ့က ပိတ်ရက်ဆိုတော့ ဟင်းကောင်းလေး ချက်စားမို့ဟာ တစ်နေ့လုံးမီးပျက်နေလို့ ပိုစ်ပဲ ရေးတင်လိုက်တော့တာပါ။
ကဲ...
SIMPLE IS SAFE!
LET'S MOVE FORWARD TOGETHER!

ရေးသားသူ Linnzayar Kyaw





Three Candle Trading Strategy Rating: 4.5 Diposkan Oleh: Shwe Maung Media