သင်ကားမောင်းနေရင်း.မီးပွိုင့်တခုရောက်ရင်.ဘာလုပ်သလဲ။.မီးနီပြနေရင်.ကားကိုရပ်လိုက်မယ်။.မီးစိမ်းသွားရင်.ကားကိုပြန်မောင်းထွက်မယ်။.ဟုတ်တယ်နော်။.ဒီလိုမှ.မလုပ်ရင်လဲ.နောက်ကကားတွေဆီက.ကားဟွန်းတီးသံတွေ.ဆဲဆိုသံတွေမိုးမွန်အောင်ကြားရလိမ့်မယ်။
ကားမောင်းသူတွေဟာ.မီးနီတွေ့ရင်.ရပ်မယ်။.မီးစိမ်းတွေ့ရင်မောင်းမယ်။.ဒီအကျင့်ဟာ.ဦနှောက်ထဲမှာစွဲပြီး.အကျင့်ဖြစ်နေကြပြီ။.ဒါပေမဲ့.မီးစိမ်းတွေ့တိုင်းမမောင်းရတဲ့အခြေအနေတွေလဲရှိပါတယ်။.မီးစိမ်းပြနေပေမဲ့.လူတယောက်ရှေ့မှာလမ်းကူးနေရင်.ဘယ်ကားမောင်းထွက်ပါ့မလား။.နောက်ကကားတွေဆူညံအောင်ဟွန်းတွေတီး.ဆဲဆိုသံတွေကြားနေပေမဲ့လဲ.ရှေ့ကလူလမ်းကူးတာမပြီးမချင်း.ကားကိုမောင်းထွက်မှာမဟုတ်ပါဘူး။
ဒီဥပမာလေးကိုရေးပြရတာက.စတော့ရှယ်ယာဝယ်ရောင်းကိစ္စနဲ့ဆက်စပ်နေလို့ပါ။
စတော့ရှယ်ယာတွေမှာလဲ.မီးစိမ်း.မီးနီရှိကြတယ်။.စတော့အိပ်ချိန်း(စတော့အရောင်းအဝယ်လုပ်တဲ့နေရာ)မှာရှိတဲ့Wall_Screen(Ticker_Tapeလို့ခေါ်ပါတယ်)ပေါ်မှာ.အနီရောင်ပြနေတဲ့စတော့ဟာ.တန်ဖိုးကျနေတယ်လို့ပြတယ်။.အစိမ်းရောင်ပြနေတဲ့စတော့ဟာ.တန်ဖိုးတက်နေတယ်လို့ဖေါ်ပြနေတယ်။
တနည်းပြောရရင်.မီးပွိုင့်မှာ.မီးနီတွေ့ရင်."ရပ်".."ရပ်..လို့ကားမောင်းသူကိုအချက်ပြနေသလို.အနီရောင်ပြနေတဲ့စတော့တွေဟာ."မဝယ်နဲ့"..."ရှိနေတာရောင်းပစ်လိုက်"...လို့ပြောနေတာနဲ့တူပါတယ်။.မီးစိမ်းတွေ့ရင်."မောင်း".."မောင်း"..လို့အချက်ပြနေသလို.အစိမ်းရောင်ပြနေတဲ့စတော့တွေဟာလဲ."ဝယ်လိုက်".."ဈေးထပ်တက်တော့မယ်"..လို့ပြောနေတာပဲတူပါတယ်။
လူအများစုဟာ.စတော့နဲ့ပတ်သက်ရင်.အဲဒီအချက်ပေးတဲ့အတိုင်း.လိုက်လုပ်တတ်ကြတယ်။.စတော့ဈေးဟာအနီရောင်ဖြစ်လာရင်.ထုတ်ရောင်းကြတယ်။.အစိမ်းရောင်ဖြစ်လာရင်.လိုက်ဝယ်ကြတယ်။.အများလုပ်တော့.ကိုယ်လဲလိုက်လုပ်တာပေါ့၊
ဒါပေမဲ့.စတော့ကိုတကယ်နားလည်တဲ့သူ(လူအနဲစုသာ)ကတော့.အဲဒီလိုအချက်ပြတိုင်းလိုက်မလုပ်တတ်ကြဘူး။.သူဝယ်ထားတဲ့စတော့ဟာ.အနီရောင်ဖြစ်.တန်ဖိုးကျလာလို့.လူများတွေထုတ်ရောင်းနေကြချိန်မှာ.သူကချက်ခြင်းမရောင်းပါဘူး။.စတော့တန်ဖိုးဘာလို့ကျရသလဲဆိုတာလေ့လာတယ်။.ကုမ္ပဏီရဲ့ငွေရေးကြေးရေးအခြေအနေကိုလေ့လာတယ်။.ပုံမှန်ပဲ။.ကုမ္ပဏီဟာ.အရှူံးပြမနေဘူး။.ကုမ္ပဏီမှာ.ဘာမှလဲအပြောင်းအလဲမရှိဘူး။.နိုင်ငံစီးပွားရေးလဲ.ဘာမှပြောင်းလဲခြင်းမရှိ။.အားလုံးပုံမှန်ပဲ။.ဒီတော့.စတော့ဈေးကျတာ.ကောလဟာလကြောင့်လို့.ယူဆပြီး.သူ့စတော့ကိုဆက်ကိုင်ထားမယ်။.လက်ထဲပိုက်ဆံရှိနေရင်.ဈေးကျနေတဲ့စတော့ကို.ထပ်ဝယ်လိမ့်မယ်။.ကောလဟာလငြိမ်သက်သွားရင်.ဈေးပြန်တက်လိမ့်မယ်။
အချုပ်ပြောရရင်.အများမိုးခါးရေသောက်နေချိန်မှာ.လိုက်မသောက်သူ.သဘောက.စတော့ဈေးကွက်မှာ.လူတိုင်းဝယ်နေချိန်မှာ.လိုက်မဝယ်ပဲ.လူတိုင်းရောင်းနေရင်လဲ.လိုက်မရောင်းပဲ.စဉ်းစားချင့်ချိန်ပြီး.လုပ်သင့်တာကိုလုပ်သူတွေသာ.စတော့လုပ်ငန်းနဲ့ကြီးပွားကြပါတယ်။.သူတို့ဟာ.ခံစားချက်ကြောင့်မဟုတ်ပဲ.ဦးနှောက်နဲ့ဆုံးဖြတ်တတ်ကြသူတွေဖြစ်ကြပါတယ်။
#မှတ်ချက်။
အမေရိကန်နဲ့ဥရောပစတော့ဈေးကွက်တွေမှာ.စတော့တန်ဖိုးကျရင်.အနီရောင်နဲ့ပြတယ်။.အနီရောင်ဟာ.အန္တရယ်ရှိတယ်လို့ယူဆကြလို့ပါ။.ဥပမာ.မီးအရောင်.သွေးအရောင်.မီးပွိုင့်အနီစသဖြင့်ပေါ့။.ဈေးတက်တဲ့စတော့ကို.အစိမ်းရောင်နဲ့ပြကြတယ်။.
အမေရိကန်နဲ့ဥရောပစတော့ဈေးကွက်တွေမှာ.စတော့တန်ဖိုးကျရင်.အနီရောင်နဲ့ပြတယ်။.အနီရောင်ဟာ.အန္တရယ်ရှိတယ်လို့ယူဆကြလို့ပါ။.ဥပမာ.မီးအရောင်.သွေးအရောင်.မီးပွိုင့်အနီစသဖြင့်ပေါ့။.ဈေးတက်တဲ့စတော့ကို.အစိမ်းရောင်နဲ့ပြကြတယ်။.
ဒါပေမဲ့.တရုပ်ရဲ့စတော့တန်ဖိုးအရောင်တွေကတော့.ပြောင်းပြန်ပါ။.စတော့ဈေးတက်တာကို.အနီရောင်နဲ့ပြကြတယ်။.တရုပ်လူမျိုးတွေက.အနီရောင်ကို.မင်္ဂလာရှိတဲ့အရောင်လို့သတ်မှတ်ထားကြလို့ပါ။.ဈေးကျတဲ့စတော့ကို.အစိမ်းရောင်ပြတယ်။
ရေးသားသူ.ဗန်းမော်သိန်းဖေ