ငွေလဲကောင်တာများ၊ ဘဏ်များ၊ အကြီးစားရင်းနှီးမြှပ်နှံသူများ၊ အကြီးစား ကော်ပိုရေးရှင်းများ၊ ကုမ္ပဏီများ မှအစ ကျွန်တော်တို့လို တနိုင်တပိုင် အရောင်းအဝယ်လုပ်သူများနှင့် ငွေကြေးနှင့်မကင်းနိုင်သူအားလုံး forex market မှာပါဝင်ရောင်းဝယ်ကြပါတယ်။
ဘဏ်တွေ၊ သွင်းကုန်ထုတ်ကုန် လုပ်ငန်းလုပ်ကိုင်တဲ့ ကုမ္ပဏီ ကြီးတွေက နိုင်ငံခြားငွေ သုံးစွဲရတဲ့အတွက် forex market မှာမဖြစ်မနေ trade ကြရပါတယ်။ ဥပမာဗျာ ကားရောင်းတဲ့ ကုမ္ပဏီပဲဆိုကြပါစို့။ ကားသွင်းဖို့အတွက် ငွေကြေး (ဒေါ်လာ)ကိုမြန်မာငွေနဲ့ လဲလှယ်ရတယ်။ အဲ့လိုလုပ်ငန်းအတွက်လဲလှယ်ခြင်းကလဲ forex market မှာ trade ခြင်းပဲဖြစ်ပါတယ်။ ပြီးတော့ ငွေဈေး (ဒေါ်လာဈေး) တက်မယ်ထင်ရင် forex market မှာ ဒေါ်လာ နဲ့ပတ်သတ်တဲ့ currency pair တစ်ခုခုကို (buy short) ဝယ်ထားခြင်းဖြင့် ဒေါ်လာဈေးတက်သွားတဲ့အခါ market က အမြတ်ရမှာဖြစ်တဲ့အတွက် ကိုယ်သွင်းထားတဲ့ကားကို ဈေးတင်ပြီးရောင်းစရာမလိုတော့ပဲ အများနည်းတူ သွင်းတုန်းက ငွေဈေးနဲ့ပဲရောင်းနိုင်ပါတယ်။ ငွေဈေး(ဒေါ်လာဈေး) ကျမယ်ထင်တဲ့အခါ forex market မှာ ဒေါ်လာနဲ့ပတ်သတ်တာတစ်ခုခုကို (sell short) ရောင်းထားခြင်ဖြင့် ဒေါ်လာဈေးကျသွားတဲ့အခါ ကိုယ်သွင်းထားတဲ့ကားကို အများနည်းတူ ဈေးလျော့ရောင်းရရင်တောင် market ကအမြတ်ရမှာဖြစ်တဲ့အတွက် ရောင်းနိုင်ပါတယ်။ ဒါကြောင့် လုပ်ငန်းကြီးတွေက ကိုယ့်လုပ်ငန်းအဆင်ပြေရန်အတွက်သော်လည်းကောင်း.... market မှ အမြတ်အစွန်းများရရှိစေရန်လည်းကောင်း forex market မှာ ရင်းနှီးမြှပ်နှံ ကြပါတယ်။